ချစ်ခြင်း၏ လျှို့ဝှက်ချက်

ကျွန်တော့်အမျိုးသမီး နာမကျန်းဖြစ်နေပါတယ်။ အလုပ်ထဲက ပြသနာတွေရယ် ၊ မိသားစုဘ၀ထဲကပြသနာတွေရယ် ၊ မထင်မှတ်တဲ့လွဲချော်မှုတွေအပြင်  ကလေးတွေနဲ့အဆင်မပြေတာလေးတွေကြောင့် သူမဟာ အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့နဲ့စိတ်ချောက်ချားနေတတ်တယ် ။
 မထင်မှတ်လောက်အောင်ပါပဲ..  အသက် ၃၅ နှစ်အရွယ်သူမဟာ ကိုယ်အလေးချိန်ပေါင် ၃၀ ကျော်ကျသွားပြီး ပေါင် ၉၀ သာသာလေးပဲကျန်ခဲ့ပါတော့တယ် ။ သူမဟာ သိသိသာသာကြီး  ပိန်ကျသွားပြီး တငိုငို  တရယ်ရယ်နဲ့  ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မိန်းမတစ်ယောက်ကနေ ပူပင်သောကများတဲ့သူအဖြစ်သို့ မယုံနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပါတော့တယ် ။သူမရဲ့ခေါင်းဟာ အဆက်မပြတ်ကိုက်ခဲနေပြီး  နှလုံးအောင့်ခြင်း ၊  ကျောကုန်းနဲ့နံရိုးနားတွေမှာ အာရုံကြောပိတ်ခြင်းတွေကိုပါ တပြိုင်နက်တည်းခံစားရပါတယ်။ ညဘက်တွေဆိုလည်းတစ်ညလုံးနိုးနေတတ်ပြီး မနက်မိုးလင်းမှပဲ သူမ အိပ်မောကျသွားတတ်ပါတယ် ။  ဒါ့အပြင်နေ့လည်နေ့ခင်းဆိုရင်လည်း အမြဲတမ်းချိချိနဲ့နဲ့ နဲ့ မောပန်းနေတတ်ပါသေးတယ်။

ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာလည်း အေးစက်စက်နဲ့ လမ်းခွဲပြတ်စဲလုနီးနီး အခြေအနေကိုရောက်နေပါပြီ ။ ငယ်ရွယ်နုပျိုစဉ်အခါတုန်းက ရှိခဲ့ဖူးတဲ့ သူမရဲ့အလှအပတွေဟာလည်း ဘယ်ဆီရောက်လို့ရောက်မှန်းမသိ ၊ မျက်ရည်အိတ်တွေဖောရောင်ကာ မျက်ပျဉ်းတွေလည်းတွဲကျနေပြီး တောင်ကြည့်မြောက်ကြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်လည်းဂရုမစိုက်တော့ပေ ။  တစ်ချိန်က ရုပ်ရှင်လောကထဲမှာ ဆေးစက်ကျရာအရုပ်ထင်ခဲ့တဲ့သူမဟာ ရုပ်ရှင်ရိုက်ရန်လက်မခံတော့သည့်အပြင် ဘယ်လောက်ကောင်းတဲ့ဇာတ်ကောင်ဖြစ်ဖြစ် ငြင်းပယ်ရန်အဆင်သင့်ဖြစ်နေခဲ့သည်။  ကျွန်တော်ကတော့ မျှော်လင့်ချက်မဲ့စွာနဲ့ မကြာခင်ကွာရှင်းပြတ်စဲပြီး သူမနဲ့ကျွန်တော့်ဇာတ်လမ်းအဆုံးသတ်သွားလိမ့်မည်ဟုထင်ထားခဲ့ပါသည် ။ ဒါပေမယ့်လည်း ကျွန်တော်ဒီဇာတ်လမ်းကို အသစ်ကနေပြန်စဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ တကယ်တော့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာအလှဆုံးသောအမျိုးသမီးကို ပိုင်ဆိုင်ခဲ့ရသူပါ ။ သူမဟာ ကမ္ဘာ့ပေါ်က အမျိုးသမီး ၊ အမျိုးသားထု တစ်ဝက်စာလောက်က စံထားရလောက်တဲ့ မိန်းမတစ်ယောက်ပါ။  ပြီးတော့ ကျွန်တော်ဟာလည်း သူမရဲ့ဘေးမှာမှေးစက်လဲလျောင်းခွင့်ရပြီး သူမရဲ့ပခုံးနှစ်ဘက်ကိုထွေးဖက်ခွင့်ရတဲ့ ကမ္ဘာပေါ်က တစ်ယောက်တည်းသောယောက်ျားပဲမဟုတ်ပါလား ။

ကျွန်တော် သူမကို ပန်းစည်းလေးတွေပေးပြီ အံ့အားသင့်စေသလို ၊ အနမ်းလေးတွေပေးရင်းကျေနပ်နှစ်သိမ့်အောင်ဖြည့်စည်းပေးခဲ့ပါသည်။ ကျွန်တော်ဟာ သူမကို မမျှော်လင့်ထားတဲ့အမှတ်တရလေးတွေဖန်တီးပေးသလို ၊ မိနစ်တိုင်းစက္ကန့်တိုင်းမှာသူမလေးစိတ်တိုင်းကျဖြစ်အောင်ကြိုးစားနေထိုင်ခဲ့ပါတယ်။ သူမကို အမှတ်တရလက်ဆောင်တွေ မရေမတွက်နိုင်အောင်ပေးပြီး ကျွန်တော့်ဘ၀တစ်ခုလုံးကိုသူမအတွက်သီးသန့်သာရှင်သန်ဖြစ်တည်ခဲ့ပါသည်။  ပရိသတ်တွေရှေ့မှာလည်းသူမကြောင်းကိုပဲ အမြဲလိုလိုပြောပြပြီး ၊ သူမနဲ့ပက်သက်သမျှအရာအားလုံးကို ကျွန်တော့်ဘ၀ရဲ့အရေးကြီးဆုံးသောကဏ္ဍအဖြစ်ရှိနေစေခဲ့ပါသည်။ သူမရဲ့သူငယ်ချင်းတွေရှေ့မှာရော ၊ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့သူငယ်ချင်းတွေရှေ့မှာပါ သူမဟာ ဘယ်လောက်တော်ကြောင်း ၊ ဘယ်လောက်လှပကြောင်း ၊ ဘယ်လောက်ချစ်စရာကောင်းကြောင်း အမြဲတမ်းချီးကျူးပြောဆိုခဲ့ပါတယ် ။ ယုံချင်မှလည်းယုံပါလိမ့်မယ် သူမဟာ ပန်းကလေးတစ်ပွင့်လို ပြန်လည်လန်းဆန်းရှင်သန်လာတဲ့အပြင် အရင်ကထက်တောင်မှပိုပြီးလှပစိုပြည်လာပါတယ် ။ ကိုယ်အလေးချိန်လည်းတိုးလာသလို စိတ်ရှုပ်ခြင်း စိတ်ညစ်ခြင်းတွေလည်း သူမရဲ့အဝေးကိုလွင့်စင်သွားပါတော့တယ် ။ ပြီးတော့ ကျွန်တော့်ကိုလည်းအရင်ကထက်အများကြီးပိုချစ်လာသလိုပါပဲ ။ သူမဘာကြောင့်ကျွန်တော့်ကိုအဲလောက်တောင်ချစ်ရတာလဲ ကျွန်တော်စဉ်းစားမရပေမယ့် နောက်ပိုင်းမှာ

“မိန်းမတစ်ယောက်ဟာ သူမပိုင်ဆိုင်သောယောက်ျားတစ်ယောက်ရဲ့ရပ်တည်မှုကို တန်ပြန်သက်ရောက်နိုင်သောပုံရိပ်တစ်ခု”

 ဖြစ်ကြောင်း ကျွန်တော်နားလည်လာခဲ့ပါသည်။

 Brad Pitt

 Angelina Jolie နဲ့  Brad Pitt အကြောင်းကိုလူတိုင်းသိကြမှာပါ ။ အောင်မြင်တဲ့အိမ်ထောင်ရေးနောက်ကွယ်မှာရှိနေတဲ့ ချစ်ခြင်းမေတ္တာတရားရဲ့လျို့ဝှက်ချက်တွေကို Identity Magazine မှာ Brad Pitt က ပြောပြထားတဲ့ A Secret Of Love ဆိုတဲ့ ပိုစ့်လေးကိုဆီလျော်အောင်ဘာသာပြန်ထားပါတယ်။ ကျမရဲ့ ပထမဆုံးသောဘာသာပြန်အရေးအသားမို့လို့ အဆင်မပြေတာ ၊ မှားနေတာတွေရှိပါက ဘာသာပြန်သူ ကျမရဲ့  မကျွမ်းကျင်မှု၊ ပေါ့လျော့မှုကြောင့်သာလျင်ဖြစ်ပါကြောင်း ။

Original Link- I will update later.



3 thoughts on “ချစ်ခြင်း၏ လျှို့ဝှက်ချက်”

  • အိုးးးးးးးးးးး တကယ်အားကျစရာ လေးစားအတုဖွယ်
    ဇနီးမောင်နှံပါပဲ…အန်ဂျလီနာဂျိုလီကိုလဲ ခုရက်ပိုင်း
    သူ့အပြုအမူတွေနဲ့ ပတ်သက်လို့ ပိုပြီးလေးစား
    ချီးကျုးနေမိတယ် :))))
    သူဟာ တကယ်ပဲ သံမဏိလို မိန်းမသားပါပဲ…
    ဒါပေမဲ့ သူအဲလိုဖြစ်အောင် သူ့စိတ်ကိုသူ
    အချိန်တိုင်းမှာ မာကျောအောင်တည်ဆောက်နေခဲ့တာ 🙂

  • ဟုတ်ပ မိုးနတ်ရယ်..တတယ်အားကျစရာပဲနော် ။ တော်တော်ချီးကျူးစရာကောင်းတဲ့လင်မယားပဲ။

    ဟုတ်ပကိုဝိ၀ိရယ်..လူသားအားလုံးအတွက်အချစ်က အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါပဲး)

Leave a Reply

Your email address will not be published.