ရောက်တတ်ရာရာ ထိုသောကြာ (၁)

ရောက်တတ်ရာရာ ထိုသောကြာ (၁)

ရာသီဥတု အပြောင်းအလဲမို့ထင်တယ် ခုတလော နေမကောင်းချင်ဘူး ။ အမြဲတမ်းပူနေတဲ့ စင်ကာပူမှာ ဘယ်လိုရာသီဥတုပြောင်းလဲတော့မသိဘူး ။ ခုတလော MRT မှာ ကြည့်လိုက်ရင် သူသူကိုယ်ကိုယ်နှာခေါင်းလေးတရှုံ့ရှုံ့ ချောင်းလေး တဟွပ်ဟွပ်နဲ့  ။ အပြောင်းအလဲဒဏ်ခံရလွယ်တဲ့ကိုယ်လည်း နေမကောင်းချင်သလိုဖြစ်ပြီး ဆေးသောက်နေရတာ တစ်ပတ်လောက်ရှိပြီ။ Panadol သာက်လိုက် Decoldgen အွန်လိုက် ၊ အအေးဒဏ်ခံနိုင်အောင် အချဉ်တွေစားလိုက် ၊ ပွင့်သွားအောင် အပူအစပ်တွေစားလိုက် ၊ ရေနွေးသောက်လိုက် နဲ့ ကိုယ့်ဟာကိုယ် ပြုစုစောင့်ရှောက်နေရတာ ဖတ်ဖတ်မော။

မောဆို အလုပ်သစ်ဆိုတော့ ဆေးခွင့်ယူဖို့ ဦးဏှောက်ကခွင့်မပြု ၊ ဆေးခန်းလည်းမသွားဖြစ်..။သွားဖို့လည်းမအားဘူး..အလုပ်ထဲမှာ တစ်ရက်တာ အလုပ်ပြီးသမျှကို review လုပ် ၊ မနက်ဖြန်လုပ်မယ့်အလုပ်တွေကိုစဉ်းစား ချရေးထား ၊ review က ရလာတဲ့ အဖြေကို ညဘက် အိမ်ပြန်ရောက်ရင် team viewer ဖွင့်ပြီး အလုပ်ထပ်လုပ် ၊ တနလာင်္နေ့ကလည်း ည ၁၂ နာရီမှ အလုပ်ပြီးတယ် ၊ အဂါင်္နေ့တော့ အလုပ်ကြွေးမပါ ၊ ဗုဒဟူး… ကြာသပတေး ၂ ရက်လုံးလုံး ည ၁ နာရီထိုးမှပဲ အလုပ်ပြီးတော့တယ် ။ ဒီလောက်အလုပ်ရှုပ်နေတဲ့ကြားက အပေါ်မှာပြောခဲ့သလိုပဲ ရာဦတု အပြောင်းအလဲမို့ထင်တယ် နေလို့က မကောင်းချင်…။ ဆေးသောက်ရင်းနဲ့ပဲ မနည်းထိန်းထားရတယ် ။

ယားရင်တောင်မကုတ်အားဘူး အားမှ ကုတ်ဖို့ထုံးတို့ထားရသလိုပဲ ကိုယ်လည်း ဖျားဖို့မအားလို့ စုထားတာ သောကြာနေ့ရောက်တော့အခြေအနေပိုဆိုးလာသလိုပဲ…ဟင်းဟင်းဟင်းးးး စနေ တင်္နနွေတော့ ဖျားချင်လည်းဖျားပါစေတော့လေ ။ ဘာပဲပြောပြော တစ်ပတ်တာကတော့ အလုပ်တွေအများကြီးလုပ်ပြီး ကုန်ဆုံးသွားတော့မယ် ။ အလုပ်လုပ်ဖို့ ခွန်အားရှိတာ ၊ အလုပ်လုပ်ဖို့ နားလည်တတ်ကျွမ်းနေတာ ၊ မသိတာကို လေ့လာခွင့်ရတာ ကံကောင်းခြင်းတစ်မျိုးပဲမလား ။ ကိုယ်က အလုပ်လုပ်မလား အလုပ်ထဲမှာထိုင်နေမလားဆို…အလုပ်လုပ်မှာကိုပဲရွေးမယ်လူမျိုးဆိုတော့….ပင်ပန်းလည်း ပျော်ပျော်ပါးပါးပဲ ပင်ပန်းတာပေါ့နော် ။

ဘ၀ဆိုတာ ငယ်တုန်းလုပ်နိုင်တုန်းပဲ လုပ်ချင်တာကိုလုပ်လို့ရတာ….. အသက် ၆၀ က လူ့သက်တမ်းဆိုရင် ကိုယ့်ဟာ လူ့သက်တမ်းတစ်ဝက်ကျိုးဖို့ ၆ လ ၀န်းကျင်ပဲလိုတော့တယ် ။ ကျန်တဲ့သက်တမ်းတစ်ဝက်မှာတော့ ကိုယ်ချစ်တဲ့သူတွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် မေတ္တာတရားနဲ့ နွေးထွေးလုံခြုံမှုတွေပေးချင်တယ်။ ကိုယ့်အတွက်ကတော့ အများကြီးမလိုဘူး… ပုံပြင်စာအုပ်ထဲက နှင်းတွေပိတ်နေတဲ့ မြောက်ဝင်ရိုးစွန်းကိုသွားပြီး ဥတ္တရအလင်းတန်းကိုလည်း ကြည့်ချင်တာရယ်….ခမ်းနားတဲ့ရဲတိုက်ကြီးတွေ တောင်တန်းပြာကြီးတွေရှိတဲ့နေရာတွေကိုသွားလည်ချင်တာရယ်….လျှို့ဝှက်ချက်တွေပြည့်နေတဲ့ လူရိုင်းတွေရှိတဲ့  Rain Forest ကိုသွားချင်တာလေးရယ်ပဲ ။

နေမကောင်းလို့ စာရေးချင်စိတ်မရှိပေမယ့် တစ်ပတ် တစ်ပုဒ်တင်မယ်လို့ ဆုံးဖြတ်ထားလို့ ရောက်တတ်ရာရာလေးတွေချရေးလိုက်ပါတယ် ။ ဖေ့ဘုတ်ဆယ်လီတွေပြောတတ်သလိုပဲ ရာသီဥတုအပြောင်းအလဲမို့ ဂရုစိုက်ကြပါဦး ၈၃၄ တို့ရယ်..လို့ပြောလိုက်တော့မယ်နော်။ ချစ်ရင်အသဲတွေအများကြီးပဲသွား…ဟီးးးးးး ဆီးယူနောက်တစ်ပတ် ။

photo- HD Wall Paper



Leave a Reply

Your email address will not be published.