The Knot

The Knot

ခ်စ္သူနဲ႔ခ်စ္ခဲ႔တာၾကာခဲ႔ျပီ တိတိက်က်ဆိုရရင္ ဧပရယ္လ ၁ ရက္ ၂၀၁၂ ။ ေရွးေရွးတုန္းကေတာ႔ တစ္ေယာက္အေၾကာင္းတစ္ေယာက္နားလည္ေအာင္ သံုးႏွစ္သံုးမိုးေစာင္႔ၾကည္႔ၾကတယ္တဲ႔ ။ ကိုယ္ေတြကေတာ႔ physically, mentally and financially ပါ အဆင္သင္႔ျဖစ္ေအာင္ေစာင္႔ရင္ ၇ ႏွစ္ ၇ မိုး ၾကာလက္တြဲျပီးမွ ျပီးခဲ႔တဲ႔ ႏုိ၀င္ဘာလ ၁၂ ေန႔မွာ ROM, Singapore မွာ ထိမ္းျမားလက္ထပ္ခဲ႔ၾကတယ္ ။ ဒီဇင္ဘာလရဲ႕ တိမ္ျပာျပာ ဆန္းေဒးေန႔ေလးတစ္ေန႔မွာေတာ႔ မိသားစုမိတ္ေဆြေတြနဲ႔ အတူ ကိုယ္တို႔ရဲ႕ မဂၤလာဧည္႔ခံပြဲကိုက်င္းပမွာပါ ။

လူ႔ဘ၀ကလည္းရႈပ္ေထြးတယ္ အိမ္ေထာင္ေရးဆိုတာ ခက္ခဲနက္နဲတယ္တဲ႔ ၊ ရႈပ္ေထြးေပြလီျပီးခက္ခဲနက္နဲ႔တဲ႔ဘ၀ခရီးတစ္ခုကိုအတူသြားရတဲ႔အခ်ိန္မွာ လက္တြဲေဖာ္က အရမ္းအေရးၾကီးတယ္လို႔ေျပာၾကတယ္။ ကိုယ္႔အတြက္ေတာ႔ စိတ္ေရာ ကိုယ္ပါ လံုျခံဳမႈေပးႏုိင္တဲ႔ခ်စ္သူ ၊
ႏွစ္ရွည္လမ်ား ခ်စ္ခဲ႔ ခ်စ္ဆဲ ခ်စ္ရတဲ႔သူနဲ႔ ဘ၀တစ္ခုကိုအတူတူေလွ်ာက္လွမ္းခြင္႔ရတဲ႔အတြက္ ဘ၀အေမာတစ္ခ်ိဳ႔ ေျပလိမ္႔မယ္ဆိုတာကိုေတာ႔ အတုိင္းအဆမရွိယံုၾကည္မိတယ္။

ခုမွ ဘ၀ကိုစလံုးေရစမယ္႔ ကိုယ္႔တို႔ႏွစ္ေယာက္အတြက္ ဆုေတာင္းက တစ္ခုတည္းပဲ ။ မည္ကဲ႔သို႔ေသာ ေလာကဓာဏ္တရားကိုမဆို ၾကံ႔ၾကံ႔ခံႏုိင္မယ္႔သူေတြျဖစ္ဖုိ႔ပါပဲ ။ ေပ်ာ္ရႊင္ခ်မ္းေျမ႔ တိုးတက္ၾကီးပြားခ်မ္းသာခ်င္တာကေတာ႔ ကိုယ္ေတြအပါအ၀င္ လူတုိင္းလိုလိုပါပဲ ။ ဒါေပမယ္႔ အဆုိးအေကာင္း ေလာကဓာဏ္တရားကို ၾကံ႔ၾကံ႔ခံႏိုင္တဲ႔သူေတြျဖစ္ဖုိ႔ အမ်ားၾကီးၾကိဳးစားရပါဦးမယ္။

Anyway……All’s well that ends well to end up with you my love.

I love you.

ချစ်သူနဲ့ချစ်ခဲ့တာကြာခဲ့ပြီ တိတိကျကျဆိုရရင် ဧပရယ်လ ၁ ရက် ၂၀၁၂ ။ ရှေးရှေးတုန်းကတော့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင် သုံးနှစ်သုံးမိုးစောင့်ကြည့်ကြတယ်တဲ့ ။ ကိုယ်တွေကတော့ physically, mentally and financially ပါ အဆင်သင့်ဖြစ်အောင်စောင့်ရင် ၇ နှစ် ၇ မိုး ကြာလက်တွဲပြီးမှ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ နေ့မှာ ROM, Singapore မှာ ထိမ်းမြားလက်ထပ်ခဲ့ကြတယ် ။ ဒီဇင်ဘာလရဲ့ တိမ်ပြာပြာ ဆန်းဒေးနေ့လေးတစ်နေ့မှာတော့ မိသားစုမိတ်ဆွေတွေနဲ့ အတူ ကိုယ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကိုကျင်းပမှာပါ ။

လူ့ဘဝကလည်းရှုပ်ထွေးတယ် အိမ်ထောင်ရေးဆိုတာ ခက်ခဲနက်နဲတယ်တဲ့ ၊ ရှုပ်ထွေးပွေလီပြီးခက်ခဲနက်နဲ့တဲ့ဘဝခရီးတစ်ခုကိုအတူသွားရတဲ့အချိန်မှာ လက်တွဲဖော်က အရမ်းအရေးကြီးတယ်လို့ပြောကြတယ်။ ကိုယ့်အတွက်တော့ စိတ်ရော ကိုယ်ပါ လုံခြုံမှုပေးနိုင်တဲ့ချစ်သူ ၊ နှစ်ရှည်လများ ချစ်ခဲ့ ချစ်ဆဲ ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုကိုအတူတူလျှောက်လှမ်းခွင့်ရတဲ့အတွက် ဘဝအမောတစ်ချို့ ပြေလိမ့်မယ်ဆိုတာကိုတော့ အတိုင်းအဆမရှိယုံကြည်မိတယ်။

ခုမှ ဘဝကိုစလုံးရေစမယ့် ကိုယ့်တို့နှစ်ယောက်အတွက် ဆုတောင်းက တစ်ခုတည်းပဲ ။ မည်ကဲ့သို့သော လောကဓာဏ်တရားကိုမဆို ကြံ့ကြံ့ခံနိုင်မယ့်သူတွေဖြစ်ဖို့ပါပဲ ။ ပျော်ရွှင်ချမ်းမြေ့ တိုးတက်ကြီးပွားချမ်းသာချင်တာကတော့ ကိုယ်တွေအပါအဝင် လူတိုင်းလိုလိုပါပဲ ။ ဒါပေမယ့် အဆိုးအကောင်း လောကဓာဏ်တရားကို ကြံ့ကြံ့ခံနိုင်တဲ့သူတွေဖြစ်ဖို့ အများကြီးကြိုးစားရပါဦးမယ်။

Anyway……All’s well that ends well to end up with you my love.

I love you.



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.