Trans Siberian Railway Trip ကိုမသွားခင် သိသင့်တဲ့ အချက်(၂၀)

Trans Siberian Railway Trip ကိုမသွားခင် သိသင့်တဲ့ အချက်(၂၀)
  1. World Longest train – Trans-Siberian Railway Trip ဆိုလို့ ရထားချည်း ၇ ရက် စီးရတဲ့ ခရီးမဟုတ်ပါဘူး ။ မြို့လေးတွေမှာ အဆင်ပြေသလိုဆင်းကျန်ခဲ့လို့ရပါတယ် ။
  2. Breathtaking View – Gobi သဲကန္တာရကိုဖြတ်တဲ့အချိန်နဲ့ Lake Baikal ကို ရထား ဖြတ်တဲ့အချိန်ကို စောင့်ကြည့်ပေးပါ ။ အရမ်းလှတယ်လို့ နာမည်ကြီးပါတယ် ။
  3. Ger Experience – Mongolia မှာ ဆင်းမယ်ဆိုရင် Ger မှာ တစ်ညလောက်အိပ်ကြည့်ပါ ။ ဘာနဲ့မှ မတူတဲ့ အတွေ့အကြုံမို့ မဖြစ်မနေ လုပ်ကြည့်စေချင်တယ် ။
  4. World Deepest Fresh Water Lake – Irkutsk မှာ မဖြစ်မနေဆင်းပြီး Lake Baikal ကို သွားလည်ကြည့်စေချင်ပါတယ် ။
  5. Time Zone – ရထားတွေဟာ မော်စကိုအချိန်အတိုင်းထွက်တာမို့ကိုယ်ရောက်နေတဲ့ ဒေသနဲ့ မော်စကိုဒေသစံတော်ချိန်ကို တွက်ပြီး လိုတိုးပိုလျော့လုပ်ရမှာပါ ။
  6. Early Boarding – ရထားတွဲအဆင်သင့်ရှိရင် ရထားပေါ်ကို ၄၅ မိနစ်ကြိုတက်လို့ရပါတယ် ။ သေချာအောင်တွဲထိန်းကိုလက်မှတ်ပြပြီးစစ်ကြည့်ပါ။
  7. Be Punctual – ရထားထွက်ချိန် ၊ လာချိန်က အရမ်းတိကျတာမို့ ပလက်ဖောင်းပေါ်မှာ ကြိုပြီးစောင့်နေမှ ရထားမှီမှာပါ ။ ဘူတာကြီးတချို့မှာတော့အကြာကြီးရပ်ပေမယ့် ဘူတာငယ် လေးတွေမှာဆိုရင် ၃ မိနစ်လောက်ရပ်ပြီး တန်းထွက်ပါတယ် ။
  8. No Toilet Usage – ရထားရပ်တဲ့ အချိန်တွေမှာ အိမ်သာကိုပေးမသုံးပါ ။ မွန်ဂို-တရုတ် ဘော်ဒါမှာ ရထားဘီးလဲတဲ့အချိန် ၊ မွန်ဂို-ရုရှား ဘော်ဒါမှာ ပတ်စပို့ စစ်တဲ့ အချိန်တွေက အရမ်းကြာတာမို့ အပေါ့ခဏခဏသွားတတ်တဲ့သူတွေ သတိထားရမှာပါ ။
  9. No Security Issue – ရထားပေါ်မှာ ဘယ် class စီးစီး  ယောက်ျားမိန်းမ မရွေးလုံခြုံပါတယ် ။
  10. Russians are Friendly– ရုရှားတွေသဘောကောင်းကြပါတယ် ။ ခင်ခင်မင်မင်နေလို့ရပါတယ် ။
  11. Light Packing – ရထားပေါ်က ခရီးဆောင်အိတ်ထည့်လို့ရတဲ့ အိပ်စင်အောက်က box ဟာ သေးတာမို့ Carry on Luggage ဒါမှမဟုတ် Back Pack မှာသာ အဆင်ပြေနိုင်ပါတယ် ။ Luggage အကြီးတွေ အဆင်မပြေတာမို့ light packing လုပ်လာဖို့ အရေးကြီးပါတယ်။
  12. Trans Siberian Tea Cup – စားသောက်ဖို့ ဇွန်း ၊ ခရင်း ၊ တူ (တစ်ခါသုံးဖြစ်ဖြစ်) သယ်လာဖို့လိုပေမယ့် သောက်ရေခွက်ကတော့ သယ်စရာမလိုပါဘူး ။ Trans Siberian Railway အမှတ်အသား သောက်ရေခွက်တွေကို တွဲထိန်းဆီက ငှားလို့ရပါတယ် ။ ရေနွေးစက်လည်းရှိပြီး ၂၄ နာရီ ရေနွေးရတာမို့ ဓာတ်ဗူးတွေဘာတွေ မသယ်လည်းရပါတယ်။
  13. Heater on Train – ရထားပေါ်မှာ အပူပေးစက်ဖွင့်ထားတာမို့ မအေးပါ ။ လိုအပ်ရင်စွပ်ရလွယ်ပြီး မလိုအပ်ရင်ချွတ်လို့ရတဲ့အ၀တ်အစား ၊ သက်တောင့်သက်သာဖြစ်တဲ့ အ၀တ်အစားယူသွားပါ ။
  14. Stay Warm – လက်အိတ်နဲ့ ဦးထုပ် နဲ့ မာဖလာ ကို ဘယ်ရာသီဖြစ်ဖြစ် မဖြစ်မနေသယ်သွားပေးပါ။
  15. Battery Issue – ဘထ္ထရီအကုန်မြန်တာမို့  Power Bank တစ်လုံးထက်မက သယ်သွားပါ ။ ဒါ့အပြင် Universal Battery Charger သယ်ဖို့လိုအပ်ပါတယ်။ ရထားပေါ်မှာ မီးပလက်ပေါက်က နည်းပြီး သုံးမယ့်သူများတော့ sharing လုပ်ရမှာပါ။
  16. Towel on Train – မျက်နှာသုတ်ပုဝါဆောင်စရာမလိုပါဘူး ၊ ရထားပေါ်မှာပေးပါတယ် ။ Tissue အစို အခြောက်ယူသွားပါ ။ အိပ်ရာခင်း Linen ကိုလည်းလျှော်ဖွပ်ထားတဲ့ အသစ်ကို လက်မှတ်ဝယ်ကတည်းက ထည့်မှာလို့ရပါတယ် ။
  17. No Connection – ရထားလမ်းတစ်လျှောက်မှာ ဖုန်း နဲ့ အင်တာနက်က stable မဖြစ်ပါဘူး ။ အပျင်းပြေဖတ်ဖို့ စာအုပ်၊ ဆော့ဖို့ ဂိမ်းလေးတွေ ၊ Laptop တွေသယ်သွားပါ။
  18. More Food – ရထားပေါ်က စားသောက်တွဲ နဲ့ တွဲထိန်းဆီက စားစရာတွေဟာ အဆမတန်ဈေးတင်ထားမို့ စားစရာသောက်စရာတွေ အများကြီးသယ်သွားပါ ။ ပြီးတော့ ရထားစီးရင် စားကောင်းအိပ်ကောင်းတာမို့ ခဏလေးနဲ့ စားစရာကုန်တတ်ပါတယ် ။
  19. Cheaper Alternative – လမ်းဘေးပလက်ဖောင်းမှာ လာရောင်းတဲ့ ဈေးသည်တွေဆီက စားစရာလေးတွေဝယ်စားကြည့်ပါ ။ ရထားပေါ်မှာထက် အများကြီးဈေးချိုပါတယ် ။
  20. Be Brave – Trans Siberian Railway Trip ကို သွားချင်တဲ့ ဆန္ဒရှိရင် ဖြစ်အောင်လုပ်ကြည့်ပါ ။ အင်တာနက်ပေါ်မှာ Guide, Reference တွေ အများကြီးရှိသလို ၊ Solo Female Traveler တွေတောင်ရှိပါသေးတယ် ။ You can do this !!

ချစ်ခင်လျက်
ဆုမြတ်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.