Version နိမ့်လူသားစက်ရုပ်

Version နိမ့်လူသားစက်ရုပ်

ခိုင်းတာလုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ်

တွေးတောဥာဏ် ဖြန့်ကျက်စဉ်းစားမှု နတ္တိ

ဘ၀ဟာ instruction အပြည့်ပါတဲ့ manual တစ်အုပ်

update မရှိ ၊ upgrade ကင်းမဲ့

နေသားကျနေတဲ့ instruction တွေအောက်မှာ

ယိုင်နဲ့တဲ့ infrastructure

ထွက်ပေါက်မဲ့နေတဲ့ အိပ်မက်ဆိုးတွေနဲ့

ထိုင်ဆိုထိုင် ထဆိုထ

version နိမ့်လူသား စက်ရုပ် ။

photo credit – Business Insider



Leave a Reply

Your email address will not be published.