ပျော်ပါစေ ချယ်

flat,550x550,075,f

ချယ်ဟာ
ပန်းတစ်ပွင့်ဆိုရင်တောင် တစ်လောကလုံးကိုဖူးပွင့်ဝေစေမယ့်ပန်းလေး
မိုးတစ်စက်ဆိုရင်တောင် ထိသူ့ရင်ကိုအေးစေမယ့်မိုးစက်လေး
ကဗျာတစ်ပုဒ်ဆိုရင်တောင် နဘေထပ်တဲ့ကဗျာလေး

ချယ့်ဘက်အခြမ်းက
အပြုံးတစ်ခုဟာ ခပ်ဝေးဝေးကဆိုပေမယ့်
ကိုယ့်သူငယ်ချင်းရဲ့သက်ဆိုင်သူထက်ပိုပါတယ်

ချယ့်ရင်ဘတ်ဟာ
ခံစားချက်၊ ကဗျာ ၊ စာ ၊ ဂီတ တွေနဲ့ဖွဲ့စည်းနေတဲ့ဆုံမှတ်လေး
ကိုယ့်ရင်ဘတ်နဲ့နီးနီးစပ်စပ်တည်ရှိတယ်ဆိုရင်
ပိုနေမလားပဲ

ကလန်မန်တီရှိုင်း က ခုံတန်းလေး
အင်းလေးက ကြေးအိုးတစ်ပွဲ
မရောက်ဖြစ်တဲ့မင်္ဂလာဆောင်
မပို့ဖြစ်ခဲ့တဲ့လက်ဖွဲ့
မပြောဖြစ်ခဲ့တဲ့ စကားများစွာအတွက်
ခွင့်လွှတ်ပါချယ် ။

ကိုယ့်ရဲ့ တယူသန် အတ္တတွေကြားမှာ
ကိုယ့်ရဲ့ ရှင်းမရတဲ့ပြသနာတချို့နဲ့
ကိုယ့်ဖက်ကပျက်ကွက်မှုတွေအတွက်
တောင်းပန်ချင်တာ ။

ပျော်ပါစေ ချယ်
အသက်ရှင်သမျှအချိန်တွေတိုင်း
အေးမြခြင်းရဲ့အနီးဆုံး
ပူလောင်ခြင်းရဲ့အဝေးဆုံးမှာ
ပန်းပွင့်မိုးစက်ကဗျာလေးလို
ပျော်ရွှင်ပါစေ …ချယ် ။



7 thoughts on “ပျော်ပါစေ ချယ်”

Leave a Reply

Your email address will not be published.