ညီမလေးတစ်ယောက်သို့

ညီမလေးတစ်ယောက်သို့

ဖြူစင်မှုဆိုတာ ဝေးကွာလွန်းလာတဲ့အချိန်မှာ
တည်ဆောက်ခဲ့သမျှကို နှမြောတယ်
ညီမလေးရယ်
ဘ၀ဆိုတာ အချိုးအကွေ့တွေများတဲ့မြစ်တဲ့
ဖြစ်သလို စီးဆင်းကြစမြဲဆို
ဘ၀ဟာ ဘ၀ဆန်ကောင်းဆန်ပေမယ့်
တိုက်စားရင်း လုံးလုံးပါးကုန်ကြမှာပေါ့
ညီမလေးရယ်
ခံစားချက်တွေနုစဉ်က
နှလုံးသားတွေ ပါးလျလွန်းလို့
ကလောင်တစ်ချက်အတို့မှာ
တောင်ပြိုကမ်းပြို လောက်ကျွမ်းခဲ့ကြသေးတာပဲ
လောကဒဏ်တရားရဲ့အထိုးအနှက်တွေကြားမှာ
ညီမလေးရဲ့ နှလုံးသားဟာလည်း
မာကောင်းမာနိုင်လောက်တာပေါ့
အားတင်းထားရင်းနဲ့ ခက်ထန်လာတဲ့
မာနတွေနောက်မှာ
ညီမလေးရဲ့မျက်ရည်စက်လက်အိပ်မက်တွေနဲ့အတူ
ညတွေဟာ အကျည်းတန်လာတယ်
ညီမလေးရယ်
ဘ၀ဟာ ဖြူစင်မှုတွေကို ရဲရင့်စွာ မှားယွင်းရင်းနဲ့
မချို မယ့် နောင်တ တချို့အတွက်
အခါခါ ပေးဆပ်နေကြရ စမြဲပဲ ။
ညီမလေးရယ်
ချစ်ခင်ပါ ဖြူစင်ပါ လေးစားပါ
နှလုံးသားတွေ တစ်စစီပဲ့အောင်
ရင်နဲ့ ရင်းခဲ့ပြီပဲ
အရောင်ဆင်းကင်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
ပျော်ရွှင်ပါစေ ညီမငယ် ။



Leave a Reply

Your email address will not be published.