ချစ်တယ်

ချစ်တယ်

ပင်လယ်ကိုချစ်တယ်
တောင်တန်းတွေကိုချစ်တယ်
ကောင်းကင်ပြာပြာကိုချစ်တယ်
နှင်းစက်ဖြူတွေကိုချစ်တယ်
မိုးဦးကျမြေသင်းနံ့ကိုချစ်တယ်
ရွက်ဝါကြွေတွေကိုချစ်တယ်
လီလီပန်းတွေပွင့်တဲ့ ဆောင်းမနက်ခင်းတွေကိုချစ်တယ်
ရင်ကွဲအောင် အော်တတ်တဲ့ ငှက်ဆိုးကလေးတွေကိုချစ်တယ်
ခြောက်သွေ့အေးစက်တဲ့ ပြောင်းခင်းဝါ၀ါကြီးတွေကိုချစ်တယ်
နေသာရာလိုက်လှည့်တတ်တဲ့ နေကြာပင်လေးတွေကိုချစ်တယ်
အရောင်ပြောင်းတတ်တဲ့သစ်ရွက်ကလေးတွေကိုချစ်တယ်
ရေကန်ထဲမျောနေတဲ့ ဘဲအုပ်ကလေးတွေကိုချစ်တယ်
အလေ့ကျပေါက်တတ်တဲ့ တောပန်းလေးတွေကိုချစ်တယ်
အိပ်မက်တွေထည့်ထားတဲ့ ပုံပြင်စာအုပ်ကိုချစ်တယ်
တိမ်တွေပေါ်ပြေးဆော့…သက်တန့်ရောင်စုံအိပ်မက်တွေကိုချစ်တယ်
အလုံးစုံပုံအပ်ထားတဲ့ မေတ္တာတရားကိုချစ်တယ်
စိတ်နားခိုရာ နယ်မြေကျဉ်းကျဉ်းလေးကိုချစ်တယ်
လိုအပ်ချိန်တိုင်း ဖေးမပေးတဲ့ လက်တစ်စုံကိုချစ်တယ်။

photo credit to Amazing Wild Flower

 



Leave a Reply

Your email address will not be published.